Posts

The Gray Man (2022)

Image
  The Gray Man (2022) ကော့ထ်ဂျန်ထရီ (ရိုင်ယန်ဂို့စလင်း)ဟာ လူသတ်မှုနဲ့ထောင်နှစ်ရှည်ကျနေသူဖြစ်ပြီး တစ်နေ့မှာတော့ စီအိုင်အေရဲ့ လျို့ဝှက်တရားမဝင်စစ်ဆင်ရေးတွေမှာ လုပ်ပေးဖို့ အပေးအယူနဲ့ထောင်ကလွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက် အေးဂျင့်လောကမှာ Six ဆိုတဲ့နာမည်တစ်လုံးနဲ့ကျော်ကြားလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူလုပ်ကြံရတဲ့ ပစ်မှတ်ဆီကနေ မရသင့်လိုက်တဲ့ အချက်အလက်တွေရသွားပြီး သူ့ရဲ့အဖွဲ့အစည်းကပါ သူ့ကိုပြန်လိုက်သတ်လာတာကြောင့် ထွက်ပြေးရပါတော့တယ်။ သူ့နောက်ကို တရားမဝင်လိုက်သတ်ဖို့ အေဂျင်စီက ပြန်ငှားလိုက်တာကတော့ နာမည်ဆိုးနဲ့ ကြေးစား လွိုက်ဟန်ဆန် (ခရစ်စ် အီဗန်) ပါပဲ။ သူတို့နှစ်ယောက် စိန်ပြေးတမ်းကစားကြရင် တိုက်ခိုက်ကြ သတ်ကြဖြတ်ကြတာတွေကို အက်ရှင်ကားပီပီသသပဲ ဝုန်းဒိုင်းကျဲနေအောင် ကြည့်ရမှာပါပဲ။ Telegram link 👈👈👈 Facebook Group Link 👈👈👈 #mmsub #marvel #movies #blackhole

Immortals (2011)

Image
 Immortals (2011) ဂရိသူရဲကောင်း သီးစီးယက်စ်ကို အားလုံးပဲသိကြမှာပါ။ သူက ဟာဂျူလီတို့လို အင်အားကြီးမားတဲ့ သူရဲကောင်းမျိုး မဟုတ်ပေမယ့် ဥာဏ်ပညာကြီးမားပြီး တိုက်ရည်ခိုက်ရည်ကောင်းတဲ့ သူရဲကောင်းတစ်ယောက်ပါပဲ။ ဒီကားဟာ ဂရိဒဏ္ဍာရီတွေပေါ် မှီငြမ်းရိုက်ကူးထားတဲ့ Fantasy အမျိုးအစားပဲဖြစ်ပါတယ်။ သို့ပေမယ့် ဇာတ်လမ်းကြောရိုးသာတူပြီး ငယ်ငယ်တုန်းကဖတ်ခဲ့ဖူးတဲ့ ပုံပြင်တွေနဲ့တော့ကွဲထွက်နေမှာ အမှန်ပါပဲ။ ဇာတ်လမ်းကတော့ လူသားမျိုးနွယ်ကို ဖျက်စီးဖို့ ဘုရင်ဟစ်ပီးရီးယန်းကအစ်ပိုင်းရပ်စ်လေးတော်ကို လိုက်ရှာနေတာနဲ့ အစပြု့ထားပါတယ်။ လူသားတို့ရဲ့ အရေးကိစ္စတွေထဲပါဝင်ပတ်သက်ခြင်းမပြု့ရလို့ ဇူးစ်ကိုယ်တိုင်က ဥပဒေချမှတ်ထားတာကြောင့် နတ်ဘုရားတွေကိုယ်တိုင်ကလည်း ဝင်ကူညီရခက်နေကြပါတယ်။ ဒါကြောင့် ဘုရင်ကြီးဟစ်ပီးရီးယန်းကို တားဆီးနိုင်ဖို့အတွက်သီးစီးယက်စ်ရဲ့ အကူအညီကို ရယူရပါတော့တယ်…။ ဒီကားရဲ့ တင်ဆက်ပုံဟာ 300 Spartans ကားနဲ့အတော်လေးတူညီနေတာကို သတိထားမိတယ်။ နောက်ခံတွေ တိုက်ပွဲတွေဟာ 300 ကားကိုပြန်ကြည့်နေရသလိုပါပဲ။ Fan တွေကတော့ ဂရိဒဏ္ဍာရီတွေနဲ့ အတော်လေးကွဲထွက်နေတာကို သိပ်သဘောမကျကြပုံပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စူပါမင်း(Man of Steel...